ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ တာဝန်ကို ဦးလှဆွေအား လွှဲပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ တာဝန်ကို ဦးလှဆွေအား လွှဲပြောင်း



MNP ၊ နိုဝင်ဘာ ၉

ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပသော အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးမြင့်လှိုင် က ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ တာဝန်အား ဦးလှဆွေကို လွှဲပြောင်းတာဝန်ပေးအပ်လိုက်ကြောင်း အသိပေးပြောကြားခဲ့သည်။


ဦးမြင့်လှိုင်က "ကျွန်တော့်အနေနဲ့ ပါတီရဲ့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ တတိယအကြိမ်မြောက် ညီလာခံအပြီးမှာ ထပ်မံကျင်းပတဲ့ ဗဟိုကော်မတီဝင်များ အစည်းအဝေးကနေပြီးတော့ ကျွန်တော့်ကို တောင်သူလယ်သမားရေးရာ တာဝန်ခံအဖြစ် တာဝန်ပေးအပ်ထားတာ ရှိပါတယ်။ တောင်သူလယ်သမားရေးရာဟာ အင်မတန် ကျယ်ပြန့်တဲ့အတွက် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးဖို့ စနစ်တကျ တင်ပြခဲ့ပါတယ်။ ယာယီအားဖြင့် ဦးလှဆွေ ဟာ အတွေ့အကြုံအားဖြင့်လည်း ကျွန်တော်တို့ထက် သာတယ်။ ဦးလှဆွေကို ခေတ္တ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ အဖြစ် တာဝန်လွှဲအပ်ထားပါတယ်။" ဟု ပြောကြားသွားသည်။


ဒက္ခိဏသီရိမြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ တာဝန်များကို ဦးမြင့်လှိုင် က ဦးလှဆွေအား လွှဲအပ်ထားကြောင်း၊ လစ်လပ်လျက်ရှိသော ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး နေရာတွင် ဦးဝင်ဌေး အား အစားထိုး တာဝန်ပေးအပ်ထားကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။


ဦးလှဆွေ က အစဉ်အလာကြီးမားသော ပါတီမှ မိမိအနေဖြင့် လွှတ်တော်တွင်း တာဝန်ထမ်းဆောင်ခဲ့ရစဉ်ကလည်း အရေးကြီး အဆိုများ တင်သွင်းနိုင်ခဲ့ကြောင်း၊ NLD အစိုးရလက်ထက် တလျှောက်တွင်လည်း အစိုးရ၏ လွဲမှားဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဝေဖန်ထောက်ပြခဲ့ခြင်းကြောင့် ၁၂၄ ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း၊ အင်္ဂလိပ်အစိုးရ အသုံးပြုခဲ့သည့် ဥပဒေဖြင့် အင်္ဂလိပ်မယားအစိုးရ၏ ထောင်ချခြင်းကို ခံခဲ့ရကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)