MNP - နိုဝင်ဘာ ၃
ပြည်တွင်း စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက် နေကြာ သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် သီးညှပ်၊သီးထပ်စိုက်ပျိုးမှု များအား ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန်နေ့ နံနက်က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးကျော်ကျော်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးမြတ်သိန်းဇော်တို့က မြို့နယ်စိုက်တိုးမြင့် အဖွဲ့နှင့် အတူ ကွင်းကြီးအုပ်စု၊ ကွင်းကြီးကျေးရွာရှိ တောင်သူ ဦးစံရီပိုင် တာကောက်ကွင်း၊ ကွင်းအမှတ် ၁၀၃၂ D၊ ဦးပိုင် ၁၁/၃၊ ဧက ဝ.၁၉ လယ်ဧက အတွင်း(ဝ.၀၅) ဧကတွင် နေကြာသီးညှပ် စိုက်ပျိုးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆက်လက်၍ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် နေကြာစိုက်တောင်သူ များနှင့် တွေ့ဆုံကာ၊ စိုက်ပျိုးမှု နည်းပညာများ အသိ ပညာပေးခြင်းနှင့် လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အဖွဲ့သည် ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာရှိ တောင်သူ ဦးမောင်မောင် ဦးပိုင် ကွင်းအမှတ် ၁၀၃၂ D ဦးပိုင် ၃၅/၃၊ ဧကဝ.၂၈ လယ်ဧကတွင် နေကြာသီးသန့် စိုက်ပျိုး ဆောင်ရွက်မည့် နေရာသို့သွားရောက် ကြည့်ရှု၍ အားပေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြသည်။ ကျုံပျော်မြို့နယ် တွင် နေကြာစိုက်ပျိုးရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၂)ခု၌ သီးသန့် (သီးထပ်) (၈၃၃၀) ဧကနှင့် သီးညှပ်(၂၇၇၆) ဧက လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - လပြည့်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment