MNP - နိုဝင်ဘာ ၁၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်ကျောင်းအမှတ်(၂၀)တို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုသည့်ပြိုင်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါကဗျာရွတ်ဆိုသည့်ပြိုင်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေရန်၊ သမိုင်းအစဉ်အလာကြီးမားခဲ့သည့် အမျိုးသားနေ့ကို ပြန်လည်အောက်မေ့သတိရပြီး အမျိုးသားရေးစိတ်ဓါတ်များ နိုးကြားတက်ကြွလာစေရန်၊ အနာဂတ်နိုင်ငံတော်အတွက် စာပေဗဟုသုတနှင့် ပြည့်စုံကြွယ်ဝသော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မူလွန်(၂၀)မှ ကျောင်းသား၊ ကျောင်းသူ(၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment