နမ့်စန်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - နိုဝင်ဘာ   ၁၁


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက အမှတ်(၂) ရပ်ကွက် ရှိ နမ့်စန် အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးကဏ္ဍ၊ သင်ယူမှုမဏ္ဍိုင်၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း၊ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအရည်အသွေး မြင့်မားရေး စသည့်ဘာသာရပ်များကို နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၁၂၉ ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်များ တက်ရောက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)