နစကအစိုးရ နှင့် ပေးဆပ်မှုပေါင်းများစွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစကအစိုးရ နှင့် ပေးဆပ်မှုပေါင်းများစွာ



ဒီကနေ့ အမှတ်မထင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ဘက်က ဦးလေးတစ်ယောက်နဲ့ တွေ့ဆုံပါတယ်။ ကိုယ်ကတော့ သူ့ကို မသိပါဘူး။ သူက မျက်မှန်းတန်းမိနေတဲ့အတွက် နှုတ်ဆက်လို့သာ သိခဲ့ရခြင်းဖြစ်ပါတယ်။ သူက ပြုံးပြပြီး နှုတ်ဆက်တော့ ကိုယ်လည်း ပြုံးပြပြီး ပြန်နှုတ်ဆက်လိုက်ပါတယ်။ သူက ပုလဲမြို့နယ်ဘက်ကပါလို့ ပြောလာတော့ ကျွန်တော့်ခေါင်းထဲ ကိုဉာဏ် ဆိုတာကို ပေါ်လာတယ်။


သူက ပုလဲကလို့ ပြောလိုက်တာနဲ့ ကျွန်တော့်ရဲ့ မေးခွန်းက "ကိုဉာဏ် တကယ်ပဲ အသတ်ခံလိုက်ရတာလား။ ဒါမှ မဟုတ် တိမ်းရှောင်နေရတာလား။" လို့ မေးလိုက်မိပါတယ်။


ဦးလေးရဲ့ အဖြေက "တကယ်အသတ်ခံလိုက်ရတာပါ။ သူလည်း ဘာမှ မလှုပ်ရှားပဲကို နေတာပါ။ ဒါပေမယ့် ဟိုကောင်တွေရဲ့ ပစ်မှတ်က သူမှသူပါပဲ။ တကယ် အသတ်ခံခဲ့ရတာပါ။ အခု ဦးလေးတို့လည်း တိမ်းရှောင်နေကြရတာပါ။"တဲ့

၂၀၁၃ နှစ်ကုန်ပိုင်းလောက်က ဦးနေမျိုးဝေ နဲ့ ကျွန်တော်တို့ Myanmar National Network က အဖွဲ့တွေကို ပုလဲမြို့နယ်ဘက် ဖိတ်ခေါ်ပြီး အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေ လုပ်ခဲ့တာ ကိုဉာဏ် ပါပဲ။ မျိုးစောင့်ဥပဒေပေါ်ပေါက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ဖြစ်သလို ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေ ကြုံတွေ့လာရတဲ့အခါမှာ အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေ နယ်လှည့်လုပ်ခဲ့ကြတယ်။ 


ပုလဲမြို့က ဆရာတော်တစ်ပါးနဲ့ ကိုဉာဏ်တို့က ပုလဲမြို့နယ်ထဲမှာ ဟောပြောပွဲတွေ စီစဉ်တယ်။ အဲဒီအချိန်ကတည်းကိုက နီပိန်းတွေက အမျိုးသားရေးဆိုတဲ့ အသံကြားရုံနဲ့တင် ဖျက်ဖျက်လူးနေကြတာပါ။ ကျွန်တော်တို့ ဟောပြောပွဲကျင်းပမယ့် ကွင်းရဲ့ အနီးမှာ နီပိန်းအိမ်တစ်အိမ်ရှိတယ်။ အဲဒီ အိမ်ကနေ ၂၀၀၇ တုန်းက ဒေါ်မာမာအေးဆိုထားတဲ့ သံဃာတော်တွေ သွေးမြေကျခဲ့ရပြီကွယ့်ဆိုတဲ့ သီချင်းကို အခေါက်ခေါက်အခါခါ လော်နဲ့တပ်ဖွင့်ထားတယ်။ ဟောပြောပွဲကို မလုပ်ဖို့လည်း ကန့်ကွက်ကြတယ်။ သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ပြီး လုပ်တာဖြစ်တဲ့အတွက် ဟောပြောပွဲဖြစ်မြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

နောက်ထပ် ပုလဲမြို့နယ်ထဲက ရွာတွေမှာ ဟောပြောပေးဖို့ ဆရာတော်က စီစဉ်ထားတယ်။ နီပိန်းတွေက ကျွန်တော်တို့ ဟောပြောမယ့် ရွာတိုင်းမှာ လိုက်ပြီး အဖျက်အမှောင့် လုပ်ခဲ့ပါတယ်။ အမျိုးသားရေးကို အလေးထားတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကျွန်တော်တို့က သက်ဆိုင်ရာကို ဥပဒေနဲ့အညီ ခွင့်ပြုချက်တောင်းခံပြီး လုပ်တဲ့ ပွဲတွေကိုတောင် နီပိန်းတွေက လိုက်ပြီး နှောက်ယှက်ခဲ့ကြတာဖြစ်ပါတယ်။


ပုလဲမြို့ပေါ်မှာ ဟောပြီး နောက်တစ်နေ့ ရွာတစ်ရွာမှာ သွားဟောတယ်။ နီပိန်းတွေက ကျွန်တော်တို့ လာမယ့်လမ်းမှာ ထမီအလံထောင်ပြီး ကြိုဆိုသတဲ့။ ပြီးတော့ သူတို့ကပဲ အချင်းချင်း ရုပ်သံရိုက်ပြီး DVB သတင်းဌာနကို သတင်းပို့ထားတယ်။ ဦးနေမျိုးဝေဦးဆောင်သော အဖွဲ့ကို ဒေသခံများက ထမီအလံထောင်၍ ကြိုဆိုပါတယ်ဆိုပြီး သတင်းပို့တယ်။ ပြည်ဖျက်မီဒီယာကလည်း အားရဝမ်းသာ ဖော်ပြခဲ့ပါတယ်။ နီပိန်းတွေက ရွာထိပ်ကနေ ထမီအလံထောင်ပြီး ကြိုဆိုတဲ့အတွက် ဟောပြောပွဲကို လာရောက်တဲ့ ရွာသားများက ဘုန်းကြီးကျောင်းဝကနေ သပြေပန်းနဲ့ ပြန်လည်ကြိုဆိုဖို့ စီစဉ်ထားပါတယ်။ 

အခြားရွာတစ်ရွာမှာ ဆက်ပြီး ညနေပိုင်း ဟောပြောဖို့ စီစဉ်ထားတာကိုတော့ နီပိန်းများက ကျောင်းထိုင်ဆရာတော်ကို ဟောပြောခွင့် မပြုဖို့ တက်လျှောက်ပါသတဲ့ဗျာ။ ဆရာတော်ခမျာမှာ တစ်ဖက်က ကျွန်တော်တို့အဖွဲ့ကို လိုလားတဲ့သူတွေ ရှိတယ်။ တစ်ဖက်က နီပိန်းတွေ အဖျက်အမှောင့် လုပ်နေတာကိုလည်း သိတယ်။ ရန်မများစေချင်ဘူး။ သူတို့က ဘုန်းကြီးကို ဝင်လျှောက်နေတဲ့အချိန်မှာပဲ ဦးနေမျိုးဝေက ဗီနိုင်းတွေ ထုတ်ပြပြီး ရွာသူ/ရွာသားတွေကို ရှင်းလင်းဟောပြောပြီးပါပြီ။


စစ်ကိုင်းတိုင်းဒေသကြီး ၊ ပုလဲမြို့က ကိုဉာဏ်တို့အဖွဲ့နဲ့ အမျိုးသားရေးမှာ လက်တွဲဆောင်ရွက်ခဲ့တဲ့ အမှတ်တရ ဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ ကျွန်တော်တို့လည်း ထောင်ထဲရောက်၊ သူတို့တွေအနေနဲ့ ဘာတွေလှုပ်ရှားဆောင်ရွက်နေကြသလဲ ဆိုတာလည်း မသိခဲ့ရပါဘူး။ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။


နစက အစိုးရ တက်လာပြီး အစောပိုင်းကာလမှာ ကိုဉာဏ်ဖုန်းဆက်တယ်။ သူတို့ဒေသရဲ့ အခြေအနေကို ပြောတယ်။ ကျွန်တော်သူ့အတွက် တကယ်ပဲ စိုးရိမ်တယ်။ သူတို့ဒေသက နီပိန်းအစွန်းရောက်တွေရဲ့ စိတ်ဓာတ်ကို သိထားပြီး ဖြစ်လို့ အကို တနေရာရာကို ရွှေ့ပြောင်းနေသင့်ပါတယ်လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူဟာ ကျောင်းဆရာတစ်ဦး၊ သူဟာ အမျိုးသားရေးကို အလေးထားသူတစ်ဦး။ သူ ဟာ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ချက်နဲ့ ဆုံးပါးသွားခဲ့ရပြီ။


တိုင်းပြည်ကို အုပ်ချုပ်နေတာက တပ်မတော်။ ဒီမိုကရေစီကို ပါးစပ်ဖျားကမချ အော်နေတဲ့ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေဟာ တပ်မတော်ကို တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အခါကြတော့ သူတို့ကို မထောက်ခံတဲ့သူမှန်သမျှ ဒလန်၊ ပျူစောထီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ခဲ့ကြတယ်။ 


ကျွန်တော်က အမျိုးသားရေးလှုပ်ရှားသူတစ်ယောက်။ အမျိုးသားရေးလှုပ်ရှားမှုမှာ လက်တွဲဆောင်ရွက်ခဲ့ဖူးတဲ့ အစ်ကို၊ အစ်မတွေကို NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေက ရန်ပြုစော်ကားလာကြတယ်။ လှိုင်မြို့နယ်က ကိုကရင် မျက်နှာမှာ တက်တူးထိုးခံရ၊ ကိုရဲစိုး နေအိမ်တိုက်ခန်းကို ဖျက်ဆီးခံရ။ မကြာပါဘူး။ လှိုင်လူငယ်အဖွဲ့ က ကိုကျော်ကြီးကို NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေက နောက်ကျောကနေ သေနတ်နဲ့ ပစ်သတ်လိုက်ကြတယ်။


ကိုကျော်ကြီး မတိုင်မီက မူဆယ်မြို့က ကိုဇော်ကြီး သတင်းစာရှင်းလင်းပွဲ နီးလာပြီဆို ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ညီလေး မင်းသွားကွ၊ ငါတို့ အတွက် ပြောမယ့်ဆိုမယ့်သူ မင်းပဲ ရှိတယ်။ သွားဖြစ်အောင် သွားစမ်းပါကွာ။ သူအမြဲတမ်း တိုက်တွန်းတယ်။ ကိုဇော်ကြီး လည်း NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတယ်။


သာကေတမြို့နယ်က ကိုမြင့်သိန်း ဟာ သူတို့နဲ့ တဖွဲ့တည်းဖြစ်တဲ့ ဟိန်းဝေယံဆိုတဲ့ ကောင်ရဲ့ ဖော်ကောင်လုပ်မှုကြောင့် သူရဲ့နေအိမ်ကို NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေက ဝိုင်းပြီး မီးပုလင်းတွေနဲ့ ပစ်တယ်။ ခဲတွေနဲ့ ပစ်ပေါက်တယ်။ သူ့ရဲ့ကားကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ အားလုံးဖျက်ဆီးခံရတယ်။ အဲဒီလို ကြားထဲက အသက်အန္တရာယ်ကို ခုခံကာကွယ်ရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်ကယ်တင်အထိ ခုခံနိုင်ခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တယ်။ အလားတူ ဖြစ်စဉ်မျိုးတွေ ကျွန်တော်မသိတဲ့ ကိစ္စတွေလည်း ရှိနိုင်ပါတယ်။ ဒါက အမျိုးသားရေးအသိုင်းအဝိုင်းနဲ့ ဆက်စပ်လို့ပါ။


ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာစွာ ရန်ပြုစော်ကားမှုတွေကို အလူးအလဲ ခံခဲ့ရသူတွေပါ။ ကျွန်တော် ရေးသားဖော်ထုတ်တင်ပြခဲ့ဖူးတဲ့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ဒေါ်မိုးသူဇာ ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကလာမှ ပြည်ခိုင်ဖြိုးအတွက် မဲရုံးမှူးလုပ်ပေးခဲ့တာကို NLD အစွန်းရောက်တွေက အညှိုးထားပြီး နေအိမ်ကို ဖျက်ဆီးတယ်။ ဒေါ်မိုးသူဇာကို သတ်ဖို့အထိ ကြိုးစားတယ်။ အသက်အန္တရာယ် ကြားကနေ ရုန်းထွက်ခဲ့ရတယ်။ ဒေါ်မို့မို့ဝင်း တို့ မိသားစုဆိုရင် ခင်ပွန်းဖြစ်သူ ဦးကျော်မျိုးသက်ကို ကာပေါင်းကျကျေးရွာက ဘုန်းကြီး ဦးစန္ဒိမာဆိုသူက ပရိယာယ်ဆင်ပြီး ခေါ်တာကို ယုံကြည်ပြီး ရွာကိုပြန်သွားခဲ့ရာမှ အသတ်ခံခဲ့ရပြီး မုဆိုးမဘဝနဲ့ ထွက်ပြေးခဲ့ရတယ်။ ဆရာတော် ဦးဝါသဝ က သွားရောက် ကယ်တင်ခဲ့လို့ သားသမီးတွေနဲ့ အေးချမ်းလုံခြုံရာကို ရောက်ခဲ့တယ်။ ဒါက ကျွန်တော်နဲ့ ဆက်စပ်မိတဲ့ သူတွေပါ။


ကျွန်တော်နဲ့ ဆက်စပ်မိခြင်းမရှိတဲ့ အကြမ်းဖက်ဘေးအန္တရာယ် ကြုံခဲ့ရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း အများကြီးပါ။ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း တို့နဲ့ တစ်ရွာတည်းနေ ဦးညွန့်ခိုင် ဆိုရင် NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရပြီး မိသားစုဝင် (၄)ဦး အထိ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော် သတင်းရယူရင်း နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပါတီဝင်များ၊ ပါတီဝန်းရံသူများအတွက် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူပွဲကို ရောက်တဲ့ အခါမှာ မိသားစုဝင် ၁ဦး အသတ်ခံရတဲ့ သူတွေ၊ ၂ဦး အသတ်ခံရတဲ့ မိသားစုတွေ အများကြီးတွေ့ခဲ့ရပါတယ်။ မကြာခဏ ဆိုသလို NLD အစွန်းရောက်တွေက ပြည်ခိုင်ဖြိုးပါတီဝင်များရဲ့ နေအိမ်များ၊ ဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းဆိုးတွေလည်း ကြားခဲ့ရပါတယ်။


NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားခဲ့သူတွေအပေါ် ရက်စက်ယုတ်မာတာကို အားမရနိုင်သေးဘဲ   နိုင်ငံတာဝန်တွေ ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမ၊ အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေလည်း လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာများဟာ ဒီလောက်နဲ့ အားမရသေးပါဘူး။ ဆရာတော် သံဃာတော်တွေပါမချန် ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်လာခဲ့ကြပါတယ်။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာ သာသနာဖျက်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သံဃာတော် (၇၁)ပါးအထိ သေဆုံးခဲ့ရပါတယ်။ 


ကျွန်တော်တို့ အနေနဲ့ အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေ လုပ်နေစဉ်က နီပိန်းတွေက သံဃာတော်တွေ သွေးမြေကျခဲ့ရပြီကွဲ့ ဆိုတဲ့ ဒေါ်မာမာအေး သီချင်းနဲ့ ကျွန်တော်တို့ကို ရန်ပြုစော်ကားခဲ့တယ်။ ကျွန်တော်တို့ကို ဘောမ၊ စစ်ခွေး လို့ သတ်မှတ်ပြီး မင်းတို့ထောက်ခံတဲ့ တပ်မတော်က သံဃာတော်တွေ သတ်ခဲ့တာလို့ တိုက်ခိုက်တယ်။ ဒီနေ့ ဒီအချိန်မှာ အဲဒီသီချင်းကို ပဏာယူပြီး သီဆိုခဲ့တဲ့ ဒေါ်မာမာအေး ကို သတိရတယ်။ ဒေါ်မာမာအေး အနေနဲ့ ဘာသာ သာသနာအပေါ် တကယ်အလေးအမြတ်ထားပြီးတော့သာ သီဆိုခဲ့ရိုးမှန်ရင် NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေ အပြစ်မဲ့  ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်နေတာနဲ့ ပတ်သက်လို့ လွမ်းချင်းတစ်ပုဒ်လောက်တော့ ဆိုပေးစေချင်ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ကစပြီး NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှု သမိုင်းဆိုးကြီးကို ပြန်ပြီး သုံးသပ်လိုက်ရင် သူတို့တွေရဲ့ မဲလိမ် မဲခိုး မှုတွေကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တယ်။ အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေက ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တယ်။ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ငွေကြေး၊ လက်နက် ပံ့ပိုးပေးတယ်။ NLD ဦးဆောင်သူများ လုပ်ကြံဖန်တီး လှုံ့ဆော်ရာနောက်ကို NLD ထောက်ခံသူတွေက လိုက်ပါပြီး KNU, KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံမှာ အကြမ်းဖက်သင်တန်း တက်ရောက်ပြီး နိုင်ငံအဝှမ်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။


ဒါတွေကို နိုင်ငံခေါင်းဆောင်ကြီးတွေက မသိလို့ အကြမ်းဖက်သမားတွေအပေါ် အလွန်အမင်းညှာတာနေတာလား။ နိုင်ငံခေါင်းဆောင်ကြီးတွေမှာ မျက်စိတွေနားတွေ အများကြီးပါ။ မသိဘူးဆိုတာတော့ မရှိပါဘူး။ နိုင်ငံခေါင်းဆောင်ကြီးတွေက အစွန်းရောက် အကြမ်းဖက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေအပေါ် စာနာထောက်ထားခဲ့တာကိုလည်း အပြစ်မတင်ဝံ့ပါဘူး။ NLD အစွန်းရောက်တွေဟာ သူတို့ပါတီကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူပြည်သူမှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ပါတီကို ရဟန်းရှင်လူပြည်သူတွေက ဘာကြောင့်မထောက်ခံတာလဲဆိုရင်တော့ တိုင်းတပါးသြဇာခံ၊ အမျိုးသားရေးသစ္စာဖောက်၊ သူခိုးကို ဓားရိုးကမ်းသူတွေ ဖြစ်နေခြင်းကြောင့် NLD ကို ဆန့်ကျင်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော် က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို ထိန်းသိမ်းခဲ့ခြင်းမှာ နီပိန်း အစွန်းရောက် အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ သရုပ်မှန်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ တိုင်းတပါး သြဇာခံ၊ အမျိုးသားရေး သစ္စာဖောက်၊ သူခိုးကို ဓားရိုးကမ်းသူတွေဟာ ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြလို့ ကျဆုံးခဲ့ရတဲ့ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များအားလုံးကို ဦးညွှတ်ဂါရဝပြုလျှက်ပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)