လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ဆီနှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ဆီနှင့်ကြက်ဥများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး




MNP - နိုဝင်ဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးဆီနှင့်ကြက်ဥ များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။          


ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီနှင့်ကြက်ဥများ ရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများ မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်းသိရသည်။  ပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ဆီနှင့်ကြက်ဥများ ရောင်းချပေးရာတွင်လည်း ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၁၀ဝ)နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇၀)ဖြင့် ကြက်ဥအလုံး(၁၀ဝဝ)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)