မြစ်ကြီးနားမြို့ရှိဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကောင်းမှုကုသိုလ်ပြုဘုရားဖူးသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ရှိဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကောင်းမှုကုသိုလ်ပြုဘုရားဖူးသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့်စည်ကား

 


MNP - နိုဝင်ဘာ ၇


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ကောင်းမှုကုသိုလ်ပြုသူများနှင့် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။


တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) သည် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် ကထိန်ခင်းခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်းနှင့် သမထဝိပဿနာအလုပ်များ ကြိုးပမ်းအားထုတ်ခြင်းများဖြင့် ကုသိုလ်ပြုခြင်းများနှင့် အပန်းဖြေအနားယူလာ‌ရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)