မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်

 



MNP ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်တွင် မြို့မအားကစားကွင်း သန့်ရှင်း သာယာ လှပရေး အတွက် စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်း အဖွဲ့ဝင်များက စုပေါင်း၍ မြို့မအားကစားကွင်းအတွင်း သန့်ရှင်းရေးအတွက် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း များကိုစုပေါင်း ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင် များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)