ဟိုပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ   ၃


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျောင်းသား/သူများ အခြေခံရှေးဦးပြုစုခြင်း ပညာတက်မြောက်လာကြစေရန် ရည်ရွယ်၍  ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဟိုပန်) ကျောင်းရှိ စောမဟာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို စတင်ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် ဟိုပန်မြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်နန်းခမ်းပန်နှင့် ကွမ်းလုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး နည်းပြ ဦးရဲမြတ်သူ က ကြက်ခြေနီ အကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစု အခြေခံသဘောတရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း ကြွက်သားနှင့်ရိုးဆက်ကြောဒဏ်ရာများ ကိုင်တွယ်ခြင်း၊ သယ်ဆောင်နည်းများနှင့် အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် စမ်းစစ်ချက်များလည်း ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်း၌ ဟိုပန်မြို့နယ်ရှိ အထက(ဟိုပန်)ကျောင်းနှင့် အထက(ခွဲ)၊ ရွှေဝါကျောင်းများမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ(၁၃၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)