ဝမ်ကျိုင်းကျေးရွာရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော် ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ (၃)ရက်နေ့မှ(၇)ရက်နေ့ထိ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်ကျိုင်းကျေးရွာရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော် ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ (၃)ရက်နေ့မှ(၇)ရက်နေ့ထိ ကျင်းပမည်

 




MNP - နိုဝင်ဘာ   ၂


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာ၏အနောက်ဘက် ဆရာတော် အရှင်ခန္တိကော သီတင်းသုံးတော်မူသည့် ဝပ်ဇလီကြွမ်းခမ်းကျောင်းရှိ ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီး တော်တင် အလှူမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ  ၃ ရက်နေ့မှ ၇ ရက်နေ့ထိ အဆိုပါကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ဝပ်ဇလီကြွမ်းခမ်းစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်အလှူမင်္ဂလာအခမ်းအနားအား ဒေသခံအလှူရှင်များ၊ အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်ပြည်သူများက ယင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူမင်္ဂလာအခမ်းအနားတွင် လှူဖွယ်ဝတ္ထုများ ပါဝင်လှူဒါန်းနိုင်ခြင်း၊ တရားတော်နာယူနိုင်ခြင်းနှင့် ဆရာတော်အား ဖူးမြော်ကြည်ညှိကာ လာရောက်ကုသိုလ်ပြုလှူဒါန်းနိုင်ရန်အတွက် အသိပေးကုသိုလ်ပြု နှိုးဆော်လိုက်ရပါသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)