MNP ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဂွမြို့တန်ဆောင်တိုင်ပွဲတော်ကာလတွင် အများပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေး အတွက် ရောင်စုံမီးအလှများထွန်း၍ နိဗ္ဗာန်ဈေးပွဲတော်များ၊ တေးဂီတအစီအစဉ်များဖြင့် စည်ကားလျက်ရှိသည်။ ထို့အပြင်တန်ဆောင်တိုင် အခါသမယအတွင်း မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲများ ကျင်းပခြင်း၊ ပဒေသာပင်များ စီတန်းလှည့်လည်ခြင်း၊ ရပ်ကွက်များအလိုက် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ စေတီပုထိုးများ၌ ရောင်စုံ ဆီမီးမီးအလှများထွန်းညှိပူဇော်ခြင်းနှင့် မီးပုံပျံလွှတ်တင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို အများပြည်သူများ ပျော်ရွှင်စွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment