တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး



MNP - နိုဝင်ဘာ  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ငှားရမ်းပေးရာတွင် တောင်ဥက္ကလာပမြို့နယ်စီမံကိန်းရုံးသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များ(၂၀)အုပ်ကို အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့်အလုပ်တာဝန်များကြောင့်မအားမလပ်၍ စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့် သူများအတွက်ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။


ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့နေ့ရက်အလိုက် အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)