ကျောက်တော်မြို့၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်



MNP - နိုဝင်ဘာ  ၁၄


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျောက်တော်မြို့နယ်၊ မြို့နယ်ပညာရေးမှုး ဆရာကြီး ဦးသိန်းမြိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ အနေဖြင့် ပညာ ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်ထောင်စုဝန်ကြီးပြောကြားခဲ့သည့် စီမံခန့်ခွဲသူလိုက်နာရမည့် အချက်(၇)ချက်၊ ခေါင်းဆောင် မှုဆိုတာဘာလဲ၊ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်တစ်ဦးတွင်ရှိရမည့် ဉာဏ်ပညာဆိုင်ရာ အရည်အချင်းများတွင် စီမံခန့်ခွဲမှုဆိုင်ရာ အချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူးက ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများအနေဖြင့် တက္ကသိုလ်ဝင် စားမေးပွဲများတွင် မိမိတို့မြို့နယ်အတွင်း အောင်ချက်ရာခိုင်နှုန်းကောင်းမွန်ရေး၊ မိမိတို့၏ စာသင်ကျောင်းများအတွင်း အပြင်သန့်ရှင်းရေး နှင့်စာသင်ကြားမှုအခြေအနေများအား စဉ်ဆက်မပြတ်လေ့လာကြည့်ရှုကြရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။အဆိုပါ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မား ရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ်ကြီး စုစုပေါင်း (၁၉၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ခင်မောင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)