ဒုံဝန်းကျေးရွာ၌ တိပိဋသန္တာဝါသဉာဏ်ဝေယံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာ၌ တိပိဋသန္တာဝါသဉာဏ်ဝေယံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲပြုလုပ်

 


MNP - နိုဝင်ဘာ   ၇


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ရပ်နီးရပ်ဝေးအလှူရှင်များစုပေါင်း၍ သံဃိကအဖြစ် ရည်စူးလှူဒါန်းသည့် တိပိဋသန္တာဝါသ “ဉာဏ်ဝေယံ” ကျောင်းဆောင်ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ကျောင်းလွတ်ပူဇော်ပွဲတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်၍ ပရိတ်တရားတော်များနာယူကာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တတိက္ခသာရာလင်္ကာရ (ဒွိပိဋကဓရ ပိဋကတ်နှစ်ပုံဆောင်) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြပြီး ကျောင်းဒါယကာ၊ ဒါယိကာမများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှတန်းဝေ သာဓုခေါ်ဆိုခဲ့ကြသည်။


အဆိုပါ ကျောင်းဆောင်မှာ ရတနာဇေယျုံကျောင်းတိုက်၌ လက်ရှိပရိယတ္တိစာပေကို လေ့လာသင်ကြားနေသည့် တိပိဋလောင်းလျာ အရှင်သူမြတ်များ သီတင်းသုံးနိုင်ရေး ရည်ရွယ်ကာတည်ဆောက်သည့် အလျား ၅၀ ပေ၊ အနံ ၅၀ ပေရှိ အာရ်စီနှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး သထုံမြို့နေ “ဉာဏ်ဝေယံ” မိသားစုတို့က ငွေကျပ်သိန်းပေါင်း ၈၀၀ ကိုမတည်ကာ ရပ်နီးရပ်ဝေး အလှူရှင်အသီးသီးတို့၏လှူဒါန်းမှုတို့ဖြင့် ငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကုန်ကျခဲ့ကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)