လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ  ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဒါးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက မြေငှားဂရန်ပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်းသည်များအား ရှင်းလင်းအမှာ စကား ပြောကြားသည်။


ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာအုပ်စု ဒါးဆိပ်ကျေးရွာရှိ နေအိမ်(၂၀)အား အိမ်ထောင် စု(၃)စုစီအလိုက် မြေငှားဂရန် မြေငှားဂရန်လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြို့ဆောင်က မြေငှားဂရန်ပြုလုပ် ပေးမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်သည်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ကျေးရွာပြည်သူများ၏ကိုယ်စား ဒေါ်နော်ဖောဇာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


ယနေ့ပေးအပ်ခဲ့သော ကျေးရွာမြေငှားဂရန်(၂၀)ခုသည် (၁၀)နှစ်သက်တမ်းကာလဖြင့် ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒါးဆိပ်ကျေးရွာသူ၊ ကျေးရွာသားများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာ ရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုင်းဇော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)