မြို့သစ်မြို့နယ် လမ်းဉီးစီးဌာနမှ နေပြည်တော်- မြို့သစ်-ကံပြားလမ်းအဆင့်တိုးမြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် လမ်းဉီးစီးဌာနမှ နေပြည်တော်- မြို့သစ်-ကံပြားလမ်းအဆင့်တိုးမြှင့်ဆောင်ရွက်



MNP - နိုင်ဝင်ဘာ   ၁၂


မကွေးခရိုင်၊ မြို့သစ်မြို့နယ် နေပြည်တော် ၊ တောင်ညို၊ မြို့သစ်၊ကံပြားလမ်းကို လမ်းဉီးစီးဌာနမှ ၄၃ မိုင် ၆ဖာလုံ အရှည်အား တာဝန်ယူထိန်းသိမ်းပြီး ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်လမ်းအဆင့်မြှင့် တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။


ဆက်လက်၍ ၂၀၂၁-၂၀၂၂ Miniဘဏ္ဍာနှစ်အတွင်း မိုင်တိုင်အမှတ် ၄၉/၀ မှ ၅၂/ ၅ အတွင်း ၂ မိုင်၃ ဖာလုံအရှည် ၁၈ ပေအကျယ် ကတ္တရာလမ်းကို ၂၄ အကျယ် ကတ္တရာလမ်းရရှိအောင် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းနှင့် မိုင်တိုင်အမှတ် ၂၂/၆ မှ ၆၆/ ၄ အတွင်း ၅ မိုင် ၇ ဖာလုံ အရှည် ၁၈ ပေ အကျယ် ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။


ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မိုင်တိုင်အမှတ် ၄၉ / ဝမှ၅၂ / ၅ အတွင်း ၂ မိုင် ၃ ဖာလုံအရှည် ၁၈ ပေအကျယ် ကတ္တရာလမ်းကို ၂၄ အကျယ် ကတ္တရာလမ်းရရှိအောင် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်းနှင့် မိုင်တိုင်အမှတ် ၃၀ /၀ မှ ၆၄ / ၇ အတွင်း ၂ မိုင်အရှည် ၁၈ ပေအကျယ်ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရှိပြီး နေပြည်တော်၊ တောင်ညို၊ မြို့သစ်၊ ကံပြား မကွေးလမ်းတွင် မြို့သစ်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူထိမ်းသိမ်းရသော လမ်းပိုင်းသည် မိုင် ၂၂ / ၆ မှ ၆၆ / ၄ အထိ ၄၃ မိုင် ၆ ဖာလုံ အရှည် ရှိပြီး ယခုဘဏ္ဍာနှစ် အပြီးတွင် ၂၄ ပေ အကျယ် ကတ္တရာလမ်းအဖြစ် ၃မိုင် ၅ ဖာလုံအရှည် တိုးချဲ့ပြီးစီးမည်ဖြစ်ပြီး ကျန်ရှိမည် ၁၈ ပေအကျယ် ကတ္တရာလမ်းပိုင်း ၄၀ မိုင် ၃ ဖာလုံအရှည်ကို ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ်လာမည့် ဘဏ္ဍာနှစ်များတွင် ဆက်လက်၍ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှသိရှိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)