ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ







ပေါင်    နိုဝင်ဘာ   ၁၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်၉ နာရီတွင်ပေါင်မြို့နယ် အ.ထ.က-ပေါင်(ရွှေရတုခန်းမ)၌ ကျင်းပသည်။


အခမ်းအနားတွင် ပေါင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်စမ်းစမ်းအေး က အမှာစကား​ ပြောကြားရာတွင်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ စတင်ပျိုးထောင်ကတည်းက အခြေခံကောင်းကောင်း ရရှိဖို့အတွက် မျိုးဆက်သစ်လူငယ် တွေကို မွေးထုတ်ပေးသည့် သင်ကြားပေးသောဆရာ/ဆရာမ  တွေက စွမ်းရည်ပြည့်ဝဖို့ လိုသလို ကျောင်းသား/သူများကိုစီမံခန့်ခွဲမှု၊ ​ခေါင်းဆောင်ပေးနိုင်မှု နှင့်ဖွံ့ဖြိုး တိုးတက်မှုသည် ကျောင်းအုပ်ကြီး များ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန် များနှင့်စည်းကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ထိုအလုပ်ရုံဆွေးနွေးပွဲကို နည်းပြမြို့နယ်ပညာရေးမှူးတစ်ဦးဖြင့် စာတွေ့၊ လက်တွေ့၊ Power Point ဖြင့် သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်၊လယ်၊မူ) ၁၆၁ ဦး ၊ ဘကာင်း(၁)ဦး၊ ကိုယ်ပိုင်ကျောင်း(၁)ဦး၊ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၁၆၃)ဦးတက်ရောက်ပြီး နိုဝင်ဘာ ၁၄ရက်မှ ၁၅ရက် အထိ နံနက်  

၉ နာရီမှညနေ ၄ နာရီအထိ သင်တန်း ကာလမှာ ၂ ရက်ကြာမြင့်မည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)