လာရှိးမြို့တော်ခန်းမကို အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲဝင်နှစ်ဦး ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာရှိးမြို့တော်ခန်းမကို အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲဝင်နှစ်ဦး ဒဏ်ရာရ


MNP ၊ နိုဝင်ဘာ၂

လာရှိးမြို့၊ ရပ်ကွက် (၂)၊ နယ်မြေ (၉) ရှိ လာရှိးမြို့တော်ခန်းမကို နိုဝင်ဘာလ ၂  ရက်နေ့ မွန်းလွဲ ၁း၁၅ နာရီအချိန်၌ အကြမ်းဖက်သမားနှစ်ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့်အကြမ်းဖက်သမား အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဗုံးသည်မြို့တော်ခန်းမ ဝန်းအတွင်း ပေါက်ကွဲပြီး လုံခြုံရေးလှည့်ကင်းဆောင်ရွက်ရန် စုဖွဲထားသည့် တပ်ဖွဲဝင်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)