အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP - နိုဝင်ဘာ   ၄


၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့စုပေါင်းကာ လင်းခေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဝင်းနှင့်ဇနီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဉ္ဖူ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ဇေယျာလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်ဇနီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် ဝန်ထမ်းမိသားစုဝင်များနှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ မဟာမြတ်မုနိဘုရားကြီးကျောင်းဆောင်တွင် ဘုရားပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဘုရားပုရဝုဏ်အတွင်းရှိ ဘေးပတ်ပတ်လည်၊ ဘုရားကျောင်းရှေ့မျက်နှာစာ၊ သိမ်‌တော်ပတ်ပတ်လည်နှင့် ဘုရားစေတီများအပေါ်တွင် ပေါက်ရောက်နေသည့် ပေါင်း၊ မြက်၊ ရေညှိများသန့်ရှင်းခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နန်းပြုံးရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)