ပန်းတောင်းမြို့နယ် မကြီးထုံးအုပ်စုနေကြာစိုက်တောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် မကြီးထုံးအုပ်စုနေကြာစိုက်တောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ  ၂၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက မကြီးထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းဆွေက နေကြာစိုက်တောင်သူများနှင့်အစုအဖွဲ့ ဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ စိုက်ပျိုးထွက်ရှိလာသည့် နေကြာသီးနှံများအား တစ်ဦးတစ်ယောက်တည်းရောင်းချစရာမလိုပဲအစုအဖွဲ့မှတဆင့် စုပေါင်းရောင်းချမည်ဆိုပါက အဆင်ပြေနိုင်မည်ဖြစ်သဖြင့် အစုအဖွဲ့များ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ပြည်ခရိုင်အတွင်း ဆီစက်လုပ်ငန်းရှင် ဆီကုန်သည်များရှိသည့်အတွက်ကြောင့် ထွက်ရှိလာသည့် နေကြာသီးနှံများကို လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိစိုက်ပျိုးထားသည့် မျိုးများသည် ဆင်းရွှေကြာ(၂)ဖြစ်ပြီး အထွက်နှုန်းခန့် မှန်းတင်းအနေဖြင့် (၁)ဧကကို (၆၀)တင်းခန့်မှန်းကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှလည်း နေကြာစိုက်တောင်သူများအား (၂)ဧကကို သွင်းအားစု ဓာတ်မြေသြဇာ(၁)အိတ်ပေးလျက်ရှိကြောင်း၊ တစ်ရာသီလျှင် ဆီထွက်သီးနှံနေကြာကို သီးသန့်၊ သီးထပ်၊ သီးညှပ် စိုက်ပျိုးကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)