အကူအညီ လိုအပ်နေတဲ့ ပါတီဝင်တွေဆီက ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားခဲ့ရပါတယ် ဟု ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကူအညီ လိုအပ်နေတဲ့ ပါတီဝင်တွေဆီက ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားခဲ့ရပါတယ် ဟု ဦးခင်ရီ ပြောကြား







MNP ၊ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကို ရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက "တိုင်းပါတီအစည်းအဝေးခန်းမမှာ လတ်တလော အကူအညီလိုအပ်နေတဲ့ မိသားစုဝင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့တွေရဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်ရရှိစေရေး ဆက်သွယ်ဆောင်ရွက်ပေးရမယ့်ကိစ္စတွေအပြင် တတ်နိုင်တဲ့ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့ဆီက ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားခဲ့ရပါတယ်။" လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားပြောဆိုထားပါတယ်။


ဦးခင်ရီက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကို ရောက်ရှိပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ကိစ္စတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ တိုင်း/ခရိုင်/မြို့နယ်/ရပ်/ကျေး အဆင့်အထိ လုပ်ဖော်ကိုင်ဖက်များနဲ့ တွေ့ဆုံပြီး “ပထမရက် ၉၀ ကာလ” ဆောင်ရွက်ဖွယ်ရာများကို မှာကြားရင်း “အသွင်သစ်နဲ့ ဆက်ဆံရေး” ဆိုတဲ့ခေါင်းစဉ်ကို သေသေချာချာ ရှင်းလင်း မှာကြားနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဘဝကတည်းက ပါရှိခဲ့တဲ့ ပါတီဝင်ဟောင်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီနဲ့ ကင်းကွာနေတဲ့ ပါတီဝင်ဟောင်းတွေနဲ့ တွေ့ဆုံပြီး ပြည်သူလူထုရဲ့ အသံ၊ ဆောင်ရန်/ရှောင်ရန်နှင့် အကြံဉာဏ်များကိုလည်း ပွင့်လင်းစွာ ဆွေးနွေးခွင့် ရခဲ့ကြလို့ ကျေးဇူးတင်မဆုံးပါကြောင်း၊ ပုသိမ်မြို့ပေါ်မှာ ရှိတဲ့ ပါတီပိုင် အဆောက်အဦတွေကို လိုက်လံကြည့်ရှုရင်း ပြုပြင်၊ ပြင်ဆင်၊ အသုံးပြုရမယ့် အခြေအနေတွေ မှာကြားခဲ့တယ်လို့ ထုတ်ပြန်ရေးသားထားပါတယ်။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီရဲ့ ထုတ်ပြန်ရေးသားဖော်ပြချက်မှာ တိုင်းပါတီအစည်းအဝေးခန်းမမှာ လတ်တလော အကူအညီလိုအပ်နေတဲ့ မိသားစုဝင် တွေနဲ့ တွေ့ဆုံခဲ့ကြောင်း၊ သူတို့တွေရဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်ရရှိစေရေး ဆက်သွယ်ဆောင်ရွက်ပေးရမယ့်ကိစ္စတွေအပြင် တတ်နိုင်တဲ့ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သူတို့ဆီက ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ကိုယ်ချင်းစာစိတ်နဲ့ မျှဝေခံစားခဲ့ရကြောင်း ရေးသားဖော်ပြထားပါတယ်။


ပုသိမ်မြို့ကို ရောက်ရှိစဉ်အတွင်း မြို့မိ၊မြို့ဖတွေ၊ နိုင်ငံချစ်တဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ Volunteer တွေနဲ့ ဆက်လက်တွေ့ဆုံရာမှာ ပါတီရဲ့ အားနည်းချက်တွေကို ပြင်းပြင်းထန်ထန်ထောက်ပြ ဝေဖန်တာတွေ၊ အားသာချက်တွေကို ချီးကျူးပြောစကားတွေကြားရလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေကို ရရှိခဲ့ကြောင်း၊ တပြိုင်နက်မှာပဲ ကျွန်တော့်မိခင်တပ်ရင်းဖြစ်တဲ့ ထိုစဉ်က ပုသိမ်အခြေစိုက် ခလရ(၃၈) က တပည့်တပ်မတော်သားဟောင်းတွေနဲ့ တွေ့ခဲ့ရပြီး ငယ်စဉ်ရှေ့တန်းပျော်ဘဝကို ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်အောင် စကားတွေဖောင်ဖွဲ့ခဲ့ကြရင်း မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ကူးဖြစ်ခဲ့ကြောင်း၊ ပုသိမ်အခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စအပါအဝင် “နိုင်ငံရေးစကားဝိုင်း” တစ်ခုလည်း လုပ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။


ဦးခင်ရီရဲ့ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်အတွင်းမှာ ကံကြီးထောင့်မြို့နယ်ဘက်က အထူးဖိတ်ကြားချက်အရ ပါတီဝင်သစ် ၄၆၀ ကို အဆိုပြုလွှာပေးအပ်ခြင်းနှင့် ပါတီဝင်ကြေး ပေးအပ်ခြင်း အခမ်းအနားကို တက်ခဲ့ရပြီး စိတ်အားထက်သန်လွန်းတဲ့ မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီဝင်တွေ အတွက်လည်း ကူညီထောက်ပံ့မှုတွေ ပြုခဲ့ရလို့ ကျေနပ်မဆုံးဖြစ်ရပါကြောင်း၊ ပါတီရဲ့အလံတော်ကြီး နိုင်ငံတော်နဲ့ ပြည်သူအတွက် လေမှာတလူလူလွှင့်ရင်း ထာဝရ တာဝန်ကျေနိုင်ဖို့ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ သန္နိဋ္ဌာန်ပြုတိုက်တွန်းထားပါတယ်။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးမှာ ဦးခင်ရီဟာ ရန်ကုန်၊ မန္တလေး၊ ပုသိမ်တို့မှာ ပါတီတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများအပြင် နိုင်ငံရေးပါတီခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)