မအူပင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ  ၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မအူပင်မြို့၊ သာသနာ့ဗိမာန်‌တော်ကြီးတွင် ကျင်းပခဲ့သည်။


 အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး သိုက်ကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဉာဏဒီပဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူ‌ ဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ဖြင့် ချီးမြှင့်ပေးခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ပရိယတ္တိမင်းကျောင်းဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားတော်နာယူ၍ ရေစက်သွန်းချအမျှအတန်းပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အောင်မြင်စွာ ကျင်းပခဲ့သည်။


ဆက်လက်၍ ဆရာတော်များနှင့် ပင့်သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှု ပဒေသာပင်ပေါင်း (၈၃)ပင်ဖြစ်ပြီး၊ တန်ဖိုးငွေကျပ် (၅၉၁)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)