မင်းလှမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ   ၁၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာခရိုင် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်   စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲ၌    ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြား ရာတွင်‌  ဆောင်းသီးနှံနေကြာစိုက်ပျိုးမှု  လျာထားချက်ပြည့်မှီ စေရေးအတွက် ဌာနဆိုင်ရာများ၊    ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်   စာရေးဝန်ထမ်းများက ကြိုးစားဆောင်ရွက်ကြရန်၊ ဆောင်းနေကြာ စိုက်ပျိုးကြသည့် တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်   မင်းလှမြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အဓိကသီးနှံ (၁၀)မျိုးစိုက်ပျိုးမှု နှင့် ဆောင်းနေကြာစိုက်ပျိုးပြီးစီးမှု အခြေအနေများကို   ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဆောင်းသီးနှံနေကြာ စိုက်ပျိုးမှုလျာထားချက်ပြည့်မှီရေးအတွက် ဆွေးနွေးချက်များ အပေါ်လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းသီးနှံနေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ရှင်းလင်း တင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)