မိုးညိုမြို့နယ်တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲ ပြုလုပ်



MNP - နိုဝင်ဘာ   ၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် (၉)နာရီက ညောင်ဝိုင်း‌ကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ပြုလုပ်ခဲ့သည်။


အဆိုပါငါးလွှတ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ စုပေါင်း၍ ငါးမြစ်ချင်းကောင်ရေ (၂၀၀၀)ကို နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်းတို့‌ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)