နမ့်စန်တွင် (၆၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် (၆၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၈


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ကြွရောက်လာကြသောဆရာတော်သံဃာတော်များနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် အလှူရှင်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ကြွရောက်လာသော ဆရာတော်သံဃာတော်များကို ကထိန်လျာသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သုခိတာရုံပရိယတ္တိစာသင်တိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအကျိုး အနုမောဒနာတရားတော်အား ဟောကြားပေးခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ ကျပ်သိန်းလေးရာနှစ်ဆယ့်နှစ်သိန်းတန်ဖိုးရှိ မြို့နယ်လုံးဆိုင်ရာပဒေသာပင် စုစုပေါင်း(၄၀)ပင်ကို မဲစနစ်ဖြင့်ရွေးချယ်၍ အလှူရှင်များက မိမိတို့မဲပေါက်သော ဘုန်းကြီးကျောင်းအလိုက် သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)