ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ KG+12 သင်ရိုးသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးသစ်ရဲ့ သင်ကြားသင်ယူမှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သင်ထောက်ကူ သိပ္ပံပစ္စည်း လက်တွေ့အသုံးပြုမှု သင်ကြားပေးမှုဟာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လာတာပဲ ဖြစ်ပါကြောင်း၊ သင်ထောက်ကူသိပ္ပံပစ္စည်း အသုံးပြုမှုကို ကိုယ်တိုင်က ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှသာ မိမိတို့သင်ကြားပြသပေးရမယ့် ကျောင်းသား/ကျောင်းသူများကိုလည်း အမှန်တကယ်လက်တွေ့ သင်ကြားပြသလေ့ကျင့်ပေးနိုင်မှာပဲ ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများ အနေနဲ့ သင်တန်းကပို့ချပေးတဲ့ သင်ထောက်ကူ သိပ္ပံပစ္စည်း အသုံးပြုမှုများကို လေ့လာမှတ်သားပြီး မိမိတာဝန်ကျရာ ဒေသက ဆရာ/ဆရာမများအား  ပြန်လည်မျှဝေပေးကာ မိမိတို့တပည့်များကို လူတော်၊ လူကောင်းများဖြစ်အောင် ကြိုးစားသင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက သင်တန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမ (၁၅၉) ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြ အဖြစ် မိတ္ထီလာတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၆) ဦးတို့က နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်များကို ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဟိန်းသူအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)