မဟာမုနိဘုရားကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူ‌ဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာမုနိဘုရားကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူ‌ဇော်



MNP - နိုဝင်ဘာ  ၇


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိ ဘုရားကြီးအား (၃၃) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာရီခွဲအချိန်က ကျင်းပခဲ့‌သည်။ မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ မသိုးမြတ်သင်္ကန်းတော်အား မဟာမုနိဘုရားကြီးကို လက်ယာရစ် ၃ ကြိမ် လှည့်ပတ်ပူဇော်၍ဘုရားကြီးအားလွှမ်းခြုံ ကပ်လှူပူဇော်ခဲ့ကြသည်။ ၎င်းနောက် ရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံ၌ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများမှ မသိုးမြတ်သင်္ကန်းတော် လုပ်အားဒါနပြု အဖွဲ့များ ဖြစ်သော ရေကြည်ပေါက်ကျေးရွာ ရက်ကန်းပညာရှင်အဖွဲ့၊ အုန်းတောကျေးရွာ ရက်ကန်းပညာရှင်များအဖွဲ့၊ အင်းလေးဒေသ ရက်ကန်းပညာရှင်များအဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်များအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့တို့အား ဂုဏ်ပြုဆုတော်ငွေနှင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)