မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန် အားကစားစွမ်းရည် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန် အားကစားစွမ်းရည် ပြိုင်ပွဲကျင်းပ




MNP ၊ နိုဝင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိ ပ ညာ ဗဟုသုတ မြင့်မားတိုးတက်စေရန် ၊ လူငယ် လူရွယ်များ အာရုံစူးစိုက်လေ့လာမှု နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီ အချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အခြေခံပညာ အဋ္ဌမတန်း ၊ ဒသမတန်း နှင့် ဧကာ ဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကျင်းပပြုလျက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များမှ  အဋ္ဌမတန်း အဆင့် ၈ ဦး ၊ ဒသမတန်းအဆင့်  ၁၃ ဦး  နှင့် ဧကာ ဒသမတန်းအဆင့် ၁၅ ဦး တို့က အပြေး မီတာ ၁၀၀ ၊ ၄၀၀ ၊ ၈၀၀ နှင့် ဇုန်ခုန် ၊ ဒိုက်ထိုး ၊ အိပ်ထမတင် စသည့် အားကစားအမျိုးအစားများကို အတန်းလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ 

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို  နိုဝင်ဘာ ၂၈ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ စစ်ဆေးခြင်း ၊နိုဝင်ဘာ  ၂၉ ရက်နေ့တွင်  အထွေထွေ ဗဟုသုတ နှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု နှင့် ယုံကြည်မှုစစ်ဆေးခြင်း များကို မြို့မအားကစားကွင်းတွင် ပြုလုပ် ဆောင် ရွက်ခဲ့ပြီး အောင်မြင် သူများ အနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ် ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)