မွန်ပြည်နယ် ဒေသခရီးသွားလာရေးလုပ်ငန်း အခွင့်အလမ်းများ ကောင်းမွန်လာစေ ရန်အတွက် အလေးထားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဒေသခရီးသွားလာရေးလုပ်ငန်း အခွင့်အလမ်းများ ကောင်းမွန်လာစေ ရန်အတွက် အလေးထားဆောင်ရွက်




MNP - နိုဝင်ဘာ   ၂၇


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဘုရားသွား လမ်းမ ကြီးတစ်လျှောက် ကျေးရွာများတွင် အပန်းဖြေကမ်းခြေများစွာရှိသည့်အနက် ကဒတ်ထောက်ကျေးရွာမှ တစ်မိုင်ခန့် ကျိုက္ခမီ - စက်စဲ ခရီးစဉ်ဒေသနှင့် တစ်ဆက်တည်း သွားရောက် အပန်းဖြေလေ့လာနိုင်သော သဘာဝကျောက်ပန်းချီကမ်းခြေကို သဘာဝအလှတရားများ အခြေခံထားသည့် ခရီးသွားလာရာနေရာတစ်ခုအဖြစ် ဖော်ဆောင် လျက်ရှိသည်။


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကဒတ်ထောက်ကျေးရွာရှိ သဘာဝကျောက်ပန်းချီကမ်းခြေကို ၂၀၁၉ ခုနှစ်မှ စတင်ကာ ရဟန်းရှင်သူ ပြည်သူများ၊ လူကြီးလူငယ်အပန်းဖြေသူများ ကျန်းမာရေးကဏ္ဍကို များစွာ အထောက်အကူပြုနိုင်ရန်အတွက် ဖော်ဆောင် ထားကြောင်း၊ စက်ဘီးနင်းဝါသနာရှင်များအတွက် တစ်မိုင်ကျော်နင်းနိုင်မည့်ခရီးစဉ်၊တောတောင်သဘာဝ အလှအပတရားများနှင့် ငှက်များ လာရောက်ကြည့်ရှုနိုင်ရန် တောင်တက်ခရီးစဉ်၊ ပင်လယ်အတွင်းရှိ သဘာဝအလှတရားများကို လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်းနှင့် အပန်းဖြေနိုင်မည့် ခရီးစဉ်များကို ဆောင်ရွက်ထားရှိကြောင်း ၊ မွန်ပြည်နယ်အတွင်း  ကမ်းခြေများစွာရှိသည့်အနက်  တစ်မူထူးခြားသော  သဘာဝကျောက် ပန်းချီကမ်းခြေတွင် ရသသုံးမျိုးဖြစ်သည့် ပင်လယ်သဲသောင်ပြင်ကမ်းခြေ၊ သဘာဝ ကျောက်ဆောင်ကျောက်ခဲများနှင့် ကျောက်ပန်းချီခင်းကျင်းပြသမှုများ၊ တောတောင် သဘာဝပေါက်ပင်များကို လေ့လာနိုင်အောင် ဆောင်ရွက်ထားသော ကမ်းခြေတစ်ခု ဖြစ်ကြောင်း ၊ အဆိုပါ ကမ်းခြေသို့ ဟိုတယ်ခရီးသွား  အပန်းဖြေလာရောက်သူများ အနေဖြင့် အောက်ဆီဂျင် လေကောင်း၊ လေသန့် အပြည့်အဝရရှိစေရန်၊ လမ်းလျှောက် ခြင်းအမူအကျင့်များ၊ ကိုယ်လက်လှုပ်ရှားမှုများ စသည့် ကျန်းမာရေးကဏ္ဍများကိုပြု လုပ်နိုင်စေရန်နှင့် ကျောင်းသား/သူ လူငယ်လူရွယ်များ၊ အခြားအဖွဲ့အစည်းများမှ သဘာဝ အလှပတရားတို့ကို အသိပညာ ဗဟုသုတပိုမိုရရှိစေရန်အတွက် ဆောင်ရွက်ထားကြောင်း သဘာဝကျောက်ပန်းချီကမ်းခြေဖော်ဆောင်သူ ဦးအောင်ကျော်မိုး၏ ပြောပြချက်အရ သိရှိရသည်။


မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအနေဖြင့်လည်း  ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လမ်းညွှန်မှုပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Barrier Free Tourism နှင့် ထင်ရှားသည့်ပွဲတော်များ၏ အခမ်းအနားများကို အ ကြောင်းပြု၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲပြီး  စီမံချက်ပါအတိုင်း  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် သဘာဝကိုအခြေခံသည့် ခရီးသွားလာရန် နေရာများစွာရှိပြီ ပြည်နယ်အတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ် ၁၉ အလွန်ကာလ အတွင်း ခရီးသွားလုပ်ငန်းများပြန်လည် ဦးမော့လာ‌ရေး၊ လက်ရှိခရီးသွားဒေသများကို ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့်ခရီး သွားလုပ်ငန်းတွင်  တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ  လိုင်စင်များကို ဥပဒေ၊ နည်း ဥပဒေသတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုင်စင်ထုတ်ပေးမည်ဖြစ်ကာ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)