ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်





MNP ၊ နိုဝင်ဘာ ၉

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။


ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ လက်အောက်တွင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တစ်ခုအဖြစ် ဖွဲ့စည်းရပ်တည်လာပြီးနောက် အမျိုးသမီးများ၏ အားကစားကဏ္ဍ မြှင့်တင်ရေးကို ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစား ထူးချွန် စေရာတွင် ဘက်ပေါင်းစုံက အထောက်အပံ့များ ပြည်စုံရန် လိုအပ်ပြီး မြို့နယ်များ၏ပံ့ပိုးမှု၊ ပြည်သူများ၏ အားပေးမှု၊ အားကစားဝါသနာရှင်များ၏ ကူညီထောက်ပံ့မှုတို့အပြင် အဓိကကျသည့် အားကစားသမားများ၏ စီမံအုပ်ချုပ်သူများ၏ ခံယူချက် မှန်ကန်ရန်နှင့်ဇွဲ၊ စိတ်ဓါတ်ကို အရင်းခံပြီး ကြိုးပမ်းအားထုတ်မှု ထက်မြက်နေရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကြ၍ တောင်ကြီးမြို့ အ.ထ.က(၇) ကျောင်းမှ ဘင်ခရာတပ်ဖွဲ့က ဖျော်ဖြေခြင်းနှင့်တောင်ကြီးFitness Dance အကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေပေးသော အဖွဲ့များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်

ရာများနှင့် တာဝန်ရှိသူတို့သည် မိုးမိတ်ခရိုင်နှင့် လင်းခေးခရိုင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။


အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း(၁၃)သင်း ပါဝင်ယဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အုပ်စု(၄)အုပ်စုခွဲကာ ယမန်နေ့မှ (၁၅)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)