တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

 



MNP ၊ နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပသည်။


အစည်းအဝေးတွင်တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က  တိုင်းဒေသကြီးအတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်တိုင်းဒေသကြီးကော်မတီဝင်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်အစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRC က သတ်မှတ်ထားသည့် ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေသော မူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်များကိုအလေးပေးစေသောမူဆိုသည့် အချက်များကို အခြေခံထားပြီး ကော်မတီဝင် များတာဝန်ယူဆောင်ရွက်နေကြသောအခန်းကဏ္ဍများတွင် ကလေးသူငယ်များ၏အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့် ရှောက် ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ် အခွင့်အရေးများ ရရှိရန် ဦးတည် ဆောင်ရွက် ပေးသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်ဆိုင်ရာကော်မတီအတွင်းရေးမှူး က  ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေ၊ တိုင်းဒေသကြီးအတွင်းကလေး သူငယ်ဆိုင်ရာဆောင်ရွက်ချက်များ၊ မီခင်ဝိုင်းများအား ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြရာကော်မတီဝင်များ က ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေ များနှင့်လိုအပ်သည်များဖြည့်စွက်ဆွေးနွေးကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။


ကျော်ကျော်လတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)