သာကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - နိုဝင်ဘာ  ၁၂


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ်(၁:၀၀)နာရီမှ(၃:၀၀)နာရီအထိ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။


ရှေးဦးစွာမြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမှတ်(၉)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူးရဲမှူး ရဲလွင်မှဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး သာကေတမြို့နယ်၊ အမှတ်(၃၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူး အောင်ဇော်ထွန်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၄၀၀)ဦးခန့်အား ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၅)ရပ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် အခြေခံယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၂၂ မော်တော်ယာဉ်နည်းဥပဒေပါ အကြောင်းအရာများဖြစ်သည့် မော်တော် ဆိုင်ကယ်စီးနှင်းသူများ လိုက်နာရန်စည်းကမ်း၊ ခြေလျင်လျှောက်သူများ လိုက်နာရန် စည်းကမ်း၊ လမ်းအသုံးပြုသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်စသည့် အကြောင်းအရာများဖြင့် ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန် သရုပ်ပြရုပ်ပုံများအား ပရိုဂျက်တာဖြင့် ပြသကာ ကျောင်းသား၊ကျောင်းသူများကို ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲ၌ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)