မိုင်းခုတ်မြို့၌ ထွေ/အုပ်၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ စည်ပင်၊ စာတိုက်ဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ ထွေ/အုပ်၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ စည်ပင်၊ စာတိုက်ဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း



MNP - နိုဝင်ဘာ   ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စာတိုက်ရုံးဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ ဝမ်ကောင်းကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူ ဦးဆောင်သော အလှူရှင်အပေါင်းနှင့် ဧည့်ပရိသတ်အပေါင်းက  ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့်ပရိတ်တရားတော်များ နာယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)