ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ နိုဝင်ဘာ  ၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်ဌာနဆိုင်ရာများမှ အပတ်စဉ် စနေ့နေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် မြို့ရွာများသန့်ရှင်းသာယာရေးအတွက်  စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက် ၇ နာရီက  ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသန့်ရှင်းသာယာရေးကို  စုပေါင်းဆောင်ရွက်ပေးကြသည်။


အဆိုပါ ဆောင်ရွက်ရာသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည်  ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ  စွန့်ပစ်ပလပ်စတစ်များကောက်ပေးခြင်း, ခြုံ နွယ် မြက် ပေါင်းများကိုခုတ်ထွင်ရှင်းလင်းပေးခြင်း၊  အလင်းရောင်ကောင်းစွာရရှိစေရန်နှင့် လေဝင် လေထွက်အောင်မွန်စေရန်ဆောင်ရွက်ပေးခြင်းများနှင့်အတူ မီးလောင်လွယ်သည့် အမှိုက်များ  သစ်ရွက်ခြောက်များကိုကောက်ယူ၍မီးရှို့ခြင်း မြို့နယ်စည်ပင်သာယာရေး အမှိုက်သိမ်းယာဉ်ဖြင့်စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)