­­­မင်းဘူးခရိုင်၌လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

­­­မင်းဘူးခရိုင်၌လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - နိုဝင်ဘာ   ၃


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်၌ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိများ၊ ခရိုင်/မြို့နယ်စီံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကော်ပွဲကော်မရှင်အရာရှိများ၊ ခရိုင်/မြို့နယ် လဝက ဦးစီးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်လွင်ဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးတို့က အမှာစကားပြောကြားရာမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  ချမှတ်ထားသော လုပ်ငန်းစဉ်များနှင့်အညီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါကြောင်း၊ ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် ပါစီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်များတွင် ယခင်မဲပေးခဲ့သော မဲရုံတစ်ခုခြင်းအလိုက် မဲစာရင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မောက်တွင် အသေးစိတ် ဖွင့်ဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်စာရင်းများဖောင်းပွခြင်း၊ မဲမသမာမှုများဖြစ်ပေါ်ခြင်း၊ အခြေခံမဲစာရင်းများနှင့် မြေပြင်မဲစာရင်းများ ကွာခြားခြင်းများနှင့်အတူ မဲစာရင်း ၃၈ သန်း တွင် ၁၁ သန်းကျော် ကွာခြားနေသည်ကို စိစစ်တွေ့ရှိခဲ့ရပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်ခဲ့တာကြောင့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း အလားတူဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန် တာဝန်ရှိသူများက မဲစာရင်းများမှန်ကန်စေရေး စနစ်တကျစစ်ဆေးကြပ်မတ်ပြီး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက် မင်းဘူးခရိုင် ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်(၅)မြို့နယ်မှ ရွေးကောက်ပွဲအရာရှိများက မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းများပြင်ဆင်၊ ဖြည့်စွက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လာမည့်အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများလျာထား ဆောင်ရွက်မှု အခြေအနေများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူးတို့က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်လွင်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်၌ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် မင်းဘူး(စကု)မြို့နယ်က မဲရုံပေါင်း ၁၆၆ ရုံ၊ ပွင်ဖြူမြို့နယ်က မဲရုံပေါင်း ၁၆၁ ရုံ၊ စလင်းမြို့နယ်က မဲရုံပေါင်း ၂၆၉ ရုံ၊ ငဖဲမြို့နယ်က မဲရုံပေါင်း ၇၄ ရုံ နှင့် စေတုတ္တရာမြို့နယ်က မဲရုံပေါင်း ၆၇ ရုံ စုစုပေါင်း ၇၃၇ ရုံဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။


သတင်း -  မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)