ရ‌သေ့တောင်မြို့တွင်(၃၂)ကြိမ်မြောက်မြို့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ‌သေ့တောင်မြို့တွင်(၃၂)ကြိမ်မြောက်မြို့နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ







MNP ၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော (၃၂)ကြိမ်မြောက်မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉နာရီ အချိန်ကမြို့နယ်အ‌ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းခန်းမအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် သာသနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးရာဇိန္ဒ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ  မေတ္တာသုတ်ပရိတ်တရားတော်မြတ်အား နာယူဆောက် တည်ကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်လင်းထက် က ပရဟိတဆရာတော်အရှင်သူမြတ်အား ကထိန်မသင်္ကန်းအားက ဆက်ကပ်လှူဒါန်းပြီး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရ‌ သေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌‌ရွှေသာမှကိန်းသာဆရာတော်အရှင်သူမြတ်အား ကထိန်မသင်္ကန်းအားဆက်ကပ် လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သာသနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးရာဇိန္ဒ ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားတော် နာယူကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)