ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ   ၃


အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က ပန်းတောင်းအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ယနေ့ခေတ်သည် တိုးတက်နေသောခေတ်ဖြစ်သဖြင့် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် အင်တာနက်၊ အီးမေးလ် စသည့် သတင်းအချက်နည်းပညာတို့တွင်လည်း ကျွမ်းကျင်မှုရှိရန် လေ့လာထားသင့်ကြောင်း၊ ခေါင်းဆောင်သည် မိမိ၏အားသာချက် အားနည်းချက်များကို အမြဲသုံးသပ်ပြီး အားသာချက်များကို ပို၍ကောင်းအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင် ဆင်ခြင်၍ ပြုပြင်သွားဖို့လိုအပ်ပါကြောင်း၊ ခေါင်းဆောင်သည်သူတစ်ပါးကို ဝေဖန်နိုင်သည့် ဉာဏ်ပညာ အရည်အချင်းနှင့် သတ္တိရှိဖို့လိုသလို မိမိကိုယ်ကို ဝေဖန်လာလျှင်လည်း ခံနိုင်ရည်ရှိဖို့လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူက လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ မြင့်မားပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောသည်။


ယင်းနောက်အားကစားမှူးဒေါ်စောမာလာက အားကစားသရုပ်ပြခြင်း၊ အားကစားပစ္စည်းများကို အားကစားမှူးက ကျောင်းဆရာမကြီး ဒေါ်အေးအေးမူထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)