ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - နိုဝင်ဘာ  ၁၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်၌ ရပ်ကွက်/ကျေးရွာများသို့ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက မိမိတို့ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဖော်သူက နယ်မြေအေးချမ်းသာယာရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိန်က မူးယစ်ဆေးဝါးကင်းစင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး၊ မှုခင်းကျဆင်း‌ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးချပြရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)