ရန်ကင်း (လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ပုံမှန်ကျောင်းကျန်းမာရေးလုပ်ငန်းအား ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်း (လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ပုံမှန်ကျောင်းကျန်းမာရေးလုပ်ငန်းအား ဆောင်ရွက်

 


MNP - နိုဝင်ဘာ   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀:၀၀ နာရီက ကျန်းမာရေးစစ်ကြောင်းမှ ရန်ကင်းလေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ပုံမှန်ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သို့ဖြစ်ရာ ရန်ကင်း (လေ့ကျင့်ရေးအလယ်တန်းကျောင်း)ရှိ ကျောင်းသား/သူများအား ပုံမှန်ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် စာသင်ကျောင်းများ၊ ရပ်ကွက်များသို့ ကိုဗစ်- ၁၉ ထိုးနှံသူ ကျန်ရှိမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)