ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်တရားနာ ရေစက်ချ လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်တရားနာ ရေစက်ချ လှူဒါန်းပွဲ ကျင်းပ




MNP - နိုဝင်ဘာ   ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည် ပူဇော်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့တွင် လှည့်လည်ကျင်းပခဲ့ပြီး ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ရောင်ခြည်ဦး ဘုန်းတော်ကြီးကျောင်း၌ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍   ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက အချိုရည်၊ ခဲဖွယ်၊ ဘောဇဉ်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် စုပေါင်းမဟာ ဘုံကထိန်တရားနာ ရေစက်ချခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတသသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ရတနာမြတ်သုံးပါးတို့အား ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ကထိန်အမေးအဖြေကျမ်းကို အိုးမြေတွင်းကျောင်း ဆရာတော်ဦးသုန္ဒဒ္ဒနှင့် ငရံ့ချောင်းဆရာတော် ဦးကောဏ္ဍညတို့က ဆောင်ရွက်သည်။


ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့တော်ဦးကျောင်းဆရာတော် ဘန္တဒ္ဒကေသယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကထိန်သင်္ကန်းကို ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်ကြွရောက်လာသော ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေး၍ ကံသာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးကောသလ္လက ကထိန်တရားတော်များ မြွက်ကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များက ဝထ္တူငွေများနှင့် လှူဖွယ်ပစ္စည်းများကို မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် (၇၈) ပါးတို့အား စာရေးတံမဲဖောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)