MNP - နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသရာအေးစေတီတော်မြတ်ကြီး၏ ၂၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ စေတီတော်မြတ်ကြီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် မြတ်စွာဘုရား သခင်အား လှူဒါန်းပူဇော်၍ ဗုဒ္ဓပူဇနိယ ပွဲတော်ဆင်ယင် ကျင်းပခြင်း၊ ပင့်သံဃာအပါး (၂၀) အား ဆွမ်းဆန်တော်၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများ လောင်းလှူခြင်း၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့်အတူ ပင့်သံဃာအပါး (၂၀) အား နဝကမ္မဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်းများဆောင်ရွက်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်းနှင့် စေတနာရှင် အလှူရှင်များက ပွဲတော်လာ ပရိသတ်များအား ကောက်ညှင်းပေါင်း၊ ကြာဇံဟင်းခါး အစရှိသည့် စတုဒီသာများ ကျွေးမွေး၍ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
သံသရာအေးစေတီတော်မြတ်ကြီး၏ ၂၉ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment