သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာကို ပုဂံဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်မည့် ရှစ်ခုမြောက်ခရီးစဉ် ဖော်ဆောင်ရန် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာကို ပုဂံဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်မည့် ရှစ်ခုမြောက်ခရီးစဉ် ဖော်ဆောင်ရန် ဆောင်ရွက်

 



MNP - နိုဝင်ဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာမှ မြောက်ဘက် ၁မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့်အကွာတွင် ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့် သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့တွင် နှစ်သက်တမ်းများစွာကတည်ရှိခဲ့သည့် ကြီးမားသည့် အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း တည်ရှိရာ သံဖိုကျေးရွာအား ပုဂံခရီးစဉ်ဒေသနှင့် တဆက်တစပ်တည်း သွားရောက်လေ့လာနိုင်သည့် ရှစ်ခုမြောက်ခရီးစဉ်ဒေသအဖြစ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီဖြစ်ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အင်းကြင်းကျောက်နှင့် အခြား ကျောက်များ တရုတ်နိုင်ငံဝယ်လက်ကြောင့် အင်းကြင်းကျောက် ရှာဖွေရောင်းချသူများ သစ်တောနှင့် ထိစပ်သည့် ကျေးရွာများတွင် အမြောက်အများတွင် ကျယ်ခဲ့ရာ သံဘိုရွာ သည်လည်း တစ်ရွာအပါအဝင် ဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယခုတူးဖော်တွေ့ရှိထားသည့် အင်းကြင်းကျောက် ဖြစ်ရုပ်ကြွင်းကျောက်ကြီးသည်လည်း မြေအနက် ၁၇ ပေခန့်တွင် ၊ အလျား ၇၄ ပေ တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်ဖို့ လည်းကျန်ရှိနေသေးကြောင်း၊ အကုန်မတူးရသေးသည့်အတွက် အလျားအရှည် မည်မျှရှိ မည်ခန့်မှန်းမရသေးကြောင်း၊ လုံးပတ် ၆ ပေ ၇ လက်မ ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ရှင်းပြသည်။


သံဘိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးသည် ရှေးဟောင်းကျောက် ဖြစ်ရုပ်ကြွင်း၊ ပရိုင်းမိတ်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ ခန့် စုဆောင်းရရှိထားသော် လည်း ၇ မျိုးသာ သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း သံဘိုရွာသို့ လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ခန့်မှန်းပေးခဲ့ကြောင်း သိရသည်။


တွေ့ရှိထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း သမင်ဂျို၊ ဆင်အံအောက်မေး ရိုး၊ လိပ်ကျောခုံးကျောက်ဖြစ်ရုပ်ကြွင်း၊ နွားအရိုး ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးတွင် တွေ့ရသော ပုံတောင်ပရိုင်းမိတ်နှင့် တူသော နှစ်သန်းပေါင်း ၄၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟု ယူဆရသည့် ပုံစံတူ အမျိုးအမည်မသိ ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းကိုလည်း တွေ့ရှိခဲ့ရပြန်သည်။ ထိုသံဘိုကျေးရွာသည် ပုပ္ပား တောင်မကြီး၊ ကိုးကွေ့သစ်တောကြိုးဝိုင်း ကပ်လျက်တည်ရှိကာ အင်ကြင်းကျောက်များ စွာထွက်ရှိကြောင်း၊ ကုန်းနေ၊ ရေနေသတ္တဝါများ စုံလင်စွာနေထိုင်ခဲ့သည့် အရပ်ဒေသဖြစ်ခဲ့ သည်များလားဟု သံဘိုကျေးရွာ လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်းများ မှတ်ချက်ပြုခဲ့ကြောင်း ဦးမောင်မောင်စိုးက ရှင်းပြသည်။


သံဘိုချောင်းဖျားကျေးရွာအရှေ့ဘက် မန်ကျည်းတောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက်ဆက်သရသည့် သံချက်ဖို အမြောက်အများ ရှိနေသေးပြီး သံချေးခဲများ၊ သံချက်ဖိုများ အနီးတွင် တွေ့ရှိခဲ့ရသည်။ အဆိုပါ သံချက်ဖိုများ တည်ရှိရာ မန်ကျည်းတောတွင် နတ်ကွန်း တစ်ခုရှိပြီး သတိုးမင်းခေါင်နတ်ဖြစ်ကြောင်း၊ ရွာရှိသက်ကြီးများလည်း သံချက်ဖိုများအကြောင်း ရှင်းမပြနိုင်ကြပေ။


သံဘိုချောင်းဖျားကျေးရွာတွင် တိုင်းရင်းဆေးလုပ်ငန်း လုပ်ကိုင်ကြပြီး ပုပ္ပားဒေသထွက် ဆေးမြစ်၊ ဆေးဥမျိုးစုံ ကြိတ်ကာ တံဆိပ်အမျိုးမျိုးဖြင့် ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူး လာရောက်သည့် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးများကို တိုင်းရင်းဆေးထုတ် လုပ်ရောင်းချသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်းလည်း သိခဲ့ရပြီး အခါအခွင့်သင့်ပါက ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုကျေးရွာသို့ လာရောက် လေ့လာသင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောက်ဖြစ် ရုပ်ကြွင်း လေ့လာလိုသောပညာရှင်များနှင့် သစ်တော/သစ်ပင် ရုက္ခဗေဒဘာသာရပ် စိတ်ဝင်စားသူ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာနိုင်ကြောင်း သံဘိုကျေးရွာ ကျောက်ဖြစ် ရုပ်ကြွင်းများ၊ သံချက်ဖိုများ တည်ရှိသေးရာ နေရာကိုလည်း ပုဂံဒေသနှင့် တဆက်တစပ်တည်း သွားရောက်နိုင်သည့် ရှစ်ခုမြောက် ခရီးစဉ်အဖြစ် ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)