မိုင်းတုံမြို့နယ်၌ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်၌ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - နိုဝင်ဘာ   ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ (၃၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားရာတွင် စုပေါင်းဘုံကထိန်ကို ယခုနှစ်တွင် အချိန်မရသည့်အတွက် ယခင်နှစ်က ကျင်းပခဲ့သည့်အစီအစဉ်အတိုင်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုခရိုင်မြို့နယ်‌ပေါင်း ပဒေသာပင်ကြီး(၂၀)ပင်နဲ ပဒေသာပင်သေးရလာမည်များကို‌ ပေါင်းပြီး ယခင်က အဖိတ်နေ့မှ ပဒေသာပင်များ စုပေါင်းပြီး လှည်လည်ကာ ဉပုတ်နေ့မှာ ရေစက်ချတရားတော်နာကြားပြီး စာရေးတန်မဲလုပ်ပြီး ကျရာဘုန်းကြီးကျောင်းကို လှူခဲ့ကြသည့်အတိုင်း လှူဒါန်းသွားမှာဖြစ်သော်လည်း ယခုနှစ်တွင် ထွေ/အုပ်ရဲ့ရုံးမွေနေ့နဲ့တိုက်သောကြောင့် (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ရက်စောပြီး နိုဝင်ဘာ (၃)ရက်နေ့ နံနက်တွင် လှည့်လည်ပြီး မိုင်းတုံမြို့နယ်အတွင်းမှာရှိသော ဘုန်းတော်ကြီးကျောင်း(၁၉)ကျောင်းမှ သံဃာ(၁၉)ပါးကို စုပေါင်းဘုံကထိန်ပြုလုပ်မည့် မြို့မဘုန်းတော်ကျောင်းသို့ ပင့်ဖိတ်ပြီး  (၄)ရက်နေ့မှာ‌ ရေစက်ချ လှူဒါန်းသွားမှာဖြစ်ကြောင်း‌ နိဝင်ဘာ(၇)ရက်တွင်လည်း ညနေ (၁ရး၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာ ပေါင်းစုံနိဗ္ဗာန်ဈေးကို လူဦးရေ(၅၀၀၀)စာကို ရောင်းချပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် အစည်းအဝေးသို့ တက်ရာက်လာသော ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော်များ၊ ပိဋကတ်စာသင်တိုက်ရှိ စာချကိုယ်တော်များနှင့် ကိုယ်ရင်များအတွက် ဆွမ်းဆက်ကပ်နိုင်ရေး ပဒေသာပင်များ လှူဒါန်းဆပ်ကပ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံများကို အသီးသီးဆွေးနွေးခဲ့ကြသည်။


မိုင်းတုံမြို့နယ်အတွင်း၌ စုပေါင်းမဟာဘုံကထိန်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၉)ကြိမ်မြောက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၁၉)ကျောင်းသို့ ဌာနဆိုင်ရာဝန်ထမ်းများက  မိမိတို့မဲကျသည့်ကျောင်းကို ပဒေသာပင်များ ဆက်ကပ်လှူဒါန်းသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းဝင်းခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)