ကျိုက်ထိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၁၃

နိုဝင်ဘာလ ၁၂ ရက်နေ့ ၀၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်တူ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်သန့်ဇင်(ခ)အောင်ကို မောင်းနှင်ပြီး ဝေနိုင်ထူး နှင့် မအိစန္ဒာအောင်(ခ)အိအိ တို့လိုက်ပါ လာသည့် ISUZU အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင် လာသော ဆာလာအိတ်များအတွင်းမှ အမိုနီယမ်နိုက်ထရိတ်အလေးချိန် ၁၃၂၆၆ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၃၈.၇၈၈ သိန်း)၊ မြန်မာငွေကျပ် ၆.၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အောင်သန့်ဇင်(ခ) အောင်ကို(၂၈)နှစ်၊ ဝေနိုင်ထူး(၂၆)နှစ်နှင့် မအိစန္ဒာအောင်(ခ)အိအိ(၃၈)နှစ်တို့အား ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)