ပုဏ္ဏားကျွန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ






MNP ၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာအုပ်စု တောင်သူ ဦးလှမောင်၏ လယ်မြေဧက ဝ.၁၀  ဧက ဆင်းသွယ်လတ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။ 


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မိုးစပါးအထွက်နှုန်းမှန်ကန်စေရေးအတွက် စစ်တွေခရိုင် မျိုးစေ့တာဝန်ခံ၊ ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်တောင်သူများ ပါဝင်ရိတ်သိမ်းခဲ့ကြပြီး၊ ဆင်းသွယ်လတ် မိုးစပါး တစ်ဧကလျှင် စပါးတင်းအစို ၁၀၀.၇၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။


ပုဏ္ဏားကျွန်းမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု ၉၆ အုပ်စုရှိပြီး ရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးသန့်စပါးဖြစ်သည့် ဆင်းသွယ်လတ်မျိုးစပါးနှင့်ပေါ်ဆန်းရင်မျိုးစပါး ကို တောင်သူအများစုက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)