MNP ၊ နိုဝင်ဘာ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင်၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်း၍ ရွာမရပ်ကွက်ရှိ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင် ထန်းတောဘုရားဝန်း အတွင်း၌ ယနေ့နံနက် ၈နာရီအချိန်က ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အရာထမ်း၊အမှုထမ်း ဝန်ထမ်းမိသားစုများက ဘုန်းတော်ကြီးကျောင်းရှေ့တွင် ပေါင်းမြက်များရှင်းလင်းခြင်းနှင့် ဘုရားပုရဝုဏ်အတွင်းရှိ ဘေးပတ်ပတ်လည်၊ရှေ့မျက်နှာစာနှင့် ဘုရားစေတီများအပေါ်တွင် ပေါက်ရောက်နေသည့် ပေါင်း၊ မြက်၊ ရေညှိများသန့်ရှင်းခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment