တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒွါဒဿမကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ရေးနှင့် တန်ဆောင်တိုင်ဆီမီးမျှောပွဲကျင်းပနိုင်ရေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒွါဒဿမကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ရေးနှင့် တန်ဆောင်တိုင်ဆီမီးမျှောပွဲကျင်းပနိုင်ရေးဆွေးနွေးပွဲကျင်းပ



MNP - နိုဝင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နေ့လည် ၂ နာရီအချိန်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာများ စုပေါင်း မဟာ ဘုံကထိန်လှည့်လည်ရေးနှင့် တန်ဆောင်တိုင်ဆီမီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်သည်။


စုပေါင်းမဟာဘုံကထိန်မြို့တွင်း လှည့်လည်အပူဇော်ခံခြင်း ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု များနှင့် ပတ်သက်၍ သက်ဆိုင်ရာကော်မတီအဖွဲ့များမှ ဆွေးနွေးတင်ပြခဲ့ကြပြီး ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုမှ တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကာ ပင့်ဖိတ်ထားသည့် သံဃာတော်များ ဆွမ်းဆက်ကပ်ခြင်းနှင့် ဧည့်ခံကျွေးမွေးရေး ကြိုတင် ဆောင်ရွက်ထားရမည့် လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးသည်။


တန်ဆောင်တိုင် ဆီမီးတစ်သောင်း ငဝန်မြစ်အတွင်း မီးမျှောပွဲကျင်းပဆောင်ရွက်ရန်အတွက် မြိုနယ် အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)