MNP ၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယနေ့ နေ့လည် ၃ နာရီ အချိန် မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင် များက မိမိတို့မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ် အို များ ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ် ထား သော စည်း ကမ်း ချက်များနှင့် လိုက်နာ ဆောင်ရွက် ထား ရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ ဟို တယ်များ၊ တည်း ခိုရိပ် သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြို တင် ကာ ကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ် ဆေးဘူး များ၊ တပ်ဆင်ထား ရှိကြရန် လိုအပ်ကြောင်း နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် ရမည့် ဖုန်း နံပါတ် များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment