ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဘုရားကြီး-ဝေါသွား ကားလမ်း ညောင်ခါးရှည်ကျေးရွာအနီး၌ ဘုရားကြီးဘက်မှ မော်လမြိုင်ဘက်သို့ စောအယ်တူလို မောင်းနှင်ပြီး စောအယ်ဒိုထူး လိုက်ပါလာသည့် TOYOTA TOYO-ACE ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄ သိန်း၊ အိုက်စ် ၂ ကီလိုနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)