ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က သလဲဦးကျေးရွာအုပ်စု ကွင်းအမှတ် ၄၁ ၊ ဦးပိုင်အမှတ် ၂၅၅/၁ ရှိ တောင်သူ ဒေါ်မြင့်စိန်၏ ရွှေအပ်မိုးစပါးစိုက်ခင်းတွင် (သင့်ကိုယ်စားပြု)စံကွက် သုည ဒသမ ၀၀၁ ဧက စံကွက်ရိတ်သိမ်းခဲ့ ရာ တစ်ဧကအခြောက်အထွက်နှုန်း ၈၉ ဒသမ ၃၆တင်း ထွက်ရှိကြောင်း သိရသည်။


စံကွက်ရိတ်သိမ်းပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဝင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းသန့်ထွန်း၊ ခရိုင်ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးသူရိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)